လက်ဘနွန်နိုင်ငံ တောင်ပိုင်း Zawtar al-Gharbiyah မြို့တွင် လက်ဘနွန်စစ်တပ် စစ်သည်များက ကြီးကြပ်ထိန်းသိမ်းနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် တွေ့မြင်ရစဉ် (ဆင်ဟွာ)
လက်ဘနွန်နိုင်ငံ တောင်ပိုင်း Zawtar al-Gharbiyah မြို့တွင် လက်ဘနွန်စစ်တပ် စစ်သည်များက ကြီးကြပ်ထိန်းသိမ်းနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် တွေ့မြင်ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

အစ္စရေးသည် ရှိရင်းစွဲ သဘောတူညီချက် အစီအစဉ်များကို ဆက်တိုက်ချိုးဖောက်ကာ လက်ဘနွန်စစ်တပ်က လက်ဘနွန်နိုင်ငံ တောင်ပိုင်းဒေသ၌ ဖြန့်ကြက်နေရာချထားမှုကို တားဆီးပြီး နယ်စပ်ဒေသ ကျေးရွာဒေသခံပြည်သူများ နေရပ်ပြန်ခြင်း လုပ်ငန်းစဉ်ကို နှောင့်နှေးစေကြောင်း လက်ဘနွန်နိုင်ငံ အစိုးရစစ်တပ်က ဇူလိုင် ၂၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်သည် ဒေသအများအပြား၌ ဖျက်ဆီးရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ လူနေအိမ် ဖြိုချဖျက်ဆီးခြင်း၊ ရေပေးဝေရေးအဆောက်အဦ ဖျက်ဆီးခြင်း၊ ရာစုနှစ်ချီ သက်တမ်းရှိသည့် သံလွင်ပင်အား မီးရှို့ ဖျက်ဆီးခြင်း စသည်တို့ ပါဝင်ကြောင်း၊ ထို့ပြင် အစ္စရေးစစ်တပ်က Kfar Tebnit ရွာနှင့် Zawtar al-Gharbiyah စသည့်ဒေသများတွင် လက်ဘနွန်စစ်တပ် ဖြန့်ကြက်နေရာချထားသည့်ဒေသ အနီးတစ်ဝိုက်သို့ ပစ်ခတ်မှု လုပ်ဆောင်ခဲ့ပြီး လက်ဘနွန်စစ်တပ် ဖြန့်ကြက်နေရာချထားရေး လှုပ်ရှားမှုကို နှောင့်ယှက်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အစ္စရေးစစ်တပ်၏ နှောင့်ယှက်မှုခံရသော်လည်း လက်ဘနွန်စစ်တပ်သည် Zawtar al-Gharbiyah တွင် ဆက်လက်တာဝန်ထမ်းဆောင်သွားမည်ဖြစ်ပြီး ဒေသခံပြည်သူများ နေရပ်ပြန်ရေး ကူညီဆောင်ရွက်ပေးကာ ၎င်းတို့ဘေးကင်းလုံခြုံမှုကို အာမခံပေးမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် Froun မြို့နယ်နှင့် Srifa မြို့နယ်တွင်လည်း ဖြန့်ကြက်နေရာချထားရေးလှုပ်ရှားမှုများကို ဆက်လက်တွန်းအားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်က ဖော်ပြထားသည်။

လက်ဘနွန်နိုင်ငံ လုံခြုံရေးဌာန သတင်းအရင်းအမြစ်ပုဂ္ဂိုလ်နှင့် ဒေသတွင်း မျက်မြင်တွေ့မြင်သူများက အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ Zawtar al-Gharbiyah မှ ဆုတ်ခွာသွားပြီးနောက် လက်ဘနွန်စစ်တပ်သည် ထိုနေ့တွင် အဆိုပါမြို့နယ်သို့ ဝင်ရောက်အခြေစိုက်၍ ကာကွယ်ရေးစခန်းများ အခြေချခဲ့ပြီးဖြစ်သည်ဟု ဇူလိုင် ၂၁ ရက်တွင် ဆင်ဟွာသတင်းထောက်အား အတည်ပြုပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်၍ အစ္စရေးစစ်တပ်သည် လက်ဘနွန်နိုင်ငံ တောင်ပိုင်းရှိ ပထမဆုံး “စမ်းသပ်ဒေသ” မှ စစ်တပ်ဆုတ်ခွာသည့် လှုပ်ရှားမှုကို ထိုနေ့တွင် လက်ဘနွန်နိုင်ငံ တောင်ပိုင်း ကျေးရွာမြို့နယ်သုံးခု၌ စတင်လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ “စမ်းသပ်ဒေသ” မှ စစ်တပ်ဆုတ်ခွာသည့် လှုပ်ရှားမှုသည် အမေရိကန်-လက်ဘနွန်-အစ္စရေး သုံးဘက်မူဘောင် သဘောတူညီချက်နှင့်အညီ သုံးပွင့်ဆိုင် စစ်ရေးညှိနှိုင်းမှုအဖွဲ့ငယ်၏ ဦးစီးမှုဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ဘနွန်နှင့် အစ္စရေးက ဇူလိုင် ၁၄ ရက်တွင် အီတလီနိုင်ငံ ရောမမြို့၌ တွေ့ဆုံဆွေးနွေးမှု၏ တိုက်ရိုက်ရလဒ်ဖြစ်ကြောင်း ကြေညာချက်က ဖော်ပြထားသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

黎军称以军违反协议 阻碍黎军“试点区域”部署

新华社贝鲁特7月26日电(记者申峰 曹昌浩)黎巴嫩政府军26日发表声明说,以色列持续违反现有协议安排,阻碍黎军在黎南部地区部署,并延缓边境村庄居民返乡进程。  

声明说,以军在多个地区持续实施破坏活动,包括拆毁民宅、破坏供水设施、焚毁数百年树龄的橄榄树等。此外,以军还在泰卜尼特村和西扎乌塔尔等地向黎军部署区域附近开火,干扰黎军部署行动。  

声明说,尽管受到以军干扰,黎军仍将在西扎乌塔尔执行任务,协助当地居民返乡并保障其安全,同时继续在夫龙镇和斯里法镇推进部署行动。  

黎巴嫩安全部门消息人士和当地目击者21日向新华社记者证实,在以色列军队撤离黎南部的西扎乌塔尔后,黎巴嫩军队当天已进驻该镇并设立驻防点。  

美国国务院20日发表声明说,以色列军队在黎巴嫩南部首个“试点区域”的撤军行动当天在黎南部三个村镇启动。声明表示,这一“试点区域”撤军行动是根据美黎以三方框架协议并在三方军事协调小组的主持下启动的,是黎以14日在意大利罗马会谈的直接成果。(完)

图说:7月22日,在黎巴嫩南部藻塔尔盖尔比耶,黎巴嫩军队士兵维持秩序。新华社发(阿里·哈希绍摄)